မင်္ဂလာလက်ဖွဲ့စာရင်း

How to register?

ကျွန်ုပ်တို့အကြောင်း

မင်္ဂလာလက်ဖွဲ့သည် မြန်မာနိုင်ငံ၏ ပထမဆုံး မင်္ဂလာလက်ဖွဲ့စာရင်း ဖြစ်ပါသည်။ လူကြီးမင်းနှင့် လူကြီးမင်းတို့၏ ဧည့်ပရိတ်သတ်များအတွက် လုံးဝအခမဲ့ဖြစ်ပါသည်။ မင်္ဂလာလက်ဖွဲ့ရဲ့ Wedding Registry မှာ လူကြီးမင်းရဲ့ မင်္ဂလာနေ့ရက်အတွက် စိတ်ကြိုက်လက်ဖွဲ့စာရင်းတစ်ခုကို လွယ်ကူစွာ ဖန်တီးနိုင်မှာဖြစ်ပါတယ်။ မိမိရဲ့ မင်္ဂလာလက်ဖွဲ့စာရင်းတစ်ခုကို စိတ်ကြိုက်ဖန်တီးပါ။ မိမိစိတ်ကူးယဉ်ထားတဲ့အရာအားလုံးကို ပေါင်းစည်းနိုင်မယ့် လက်ဆောင်တွေကို ရွေးချယ်ပါ။ အဲဒီထဲမှာ လက်ဖွဲ့ပစ္စည်းတွေ၊ ငွေကြေးလက်ဆောင်၊ လက်ဆောင်ကတ်နှင့် ဟန်းနီးမွန်းအစီအစဉ်တွေ ပါဝင်ပါတယ်။ လက်ဆောင်ကတ်နှင့် ငွေကြေးလက်ဆောင်တွေသည် mingalarletphwet.com မှာ တင်ထားတဲ့ပစ္စည်းများထဲမှ မိမိကြိုက်ရာပစ္စည်းတွေကို ရွေးချယ်နိုင်ပါတယ်။ လက်ဆောင်တစ်ခုတည်းကို နှစ်ခါမရအောင်လည်း ပြုလုပ်ထားနိုင်ပါတယ်။

လုပ်ဆောင်ပုံများ

create account

အကောင့်ဖွင့်မည်

သင့်ကိုယ်ပိုင်စာမျက်နှာကို ဖန်တီးရန် Facebook သို့မဟုတ် E-mail ဖြင့် အခမဲ့အကောင့်တစ်ခုကို ရယူလိုက်ပါ။

create account

မင်္ဂလာဆောင် မှတ်ပုံတင်မည်

မင်္ဂလာဆောင်အချက်အလက်များ ဖြည့်သွင်းကာ မင်္ဂလာဆောင်ကို မှတ်ပုံတင်ရင်း ကိုယ်ပိုင်စာမျက်နှာတစ်ခုဖန်တီးပါ။ သင့်လက်တွဲဖော်ကိုလည်း ဖိတ်ကြားပါ။

create account

လက်ဖွဲ့စာရင်း ပြုစုမည်

သင့်တို့လိုချင်သော မင်္ဂလာလက်ဖွဲ့များနှင့် ဟန်းနီးမွန်းခရီးစဉ်များကို အမျိုးအစားပေါင်း ၃၀၀၀ကျော်မှ ရွေးချယ်လိုက်ပါ။

create account

ဧည်သည့်များ ဖိတ်ကြားမည်

သင့်ကိုယ်ပိုင်စာမျက်နှာသို့ မိတ်ဆွေသူငယ်ချင်းများကို Email သို့မဟုတ် Facebook မှတစ်ဆင့် ဖိတ်ကြားပြီး မင်္ဂလာဆောင်အကြောင်း အသိပေးလိုက်ပါ။

create account

လက်ဖွဲ့များ လဲလှယ်မည်

သင့်မင်္ဂလာနေ့ရက်ပြီးနောက် လက်ဖွဲ့စာရင်းကို ပိတ်လိုက်ပါလိမ့်မည်။ ဒါပေမယ့် သင်ရရှိထားသော လက်ဖွဲ့များကို အခြားသင်လိုချင်သော လက်ဖွဲ့များနှင့် လဲလှယ်နိုင်ဦးမှာပါ။

create account

လက်ဖွဲ့ပစ္စည်းများ ပို့ဆောင်မည်

သင့်စိတ်ကြိုက်လက်ဖွဲ့များ လဲလှယ်ပြီးနောက်မှာတော့ ကျွန်ုပ်တို့ Website မှ လက်ဖွဲ့ပစ္စည်းများအားလုံးကို သင့်အိမ်သို့ အခမဲ့ပို့ဆောင်ပေးပါမည်။

ဟန်းနီးမွန်းများ